Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 22:30

Judson Bible

နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-

ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-

ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-

ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။-

ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။-

ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

ပေါ​လု​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စေ့​စေ့​ကြည့်​ရှု၍၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​ဝတ်​ကို ပြု​ခြင်း​အ​မှု​မှာ၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက် ပြု​ပါ​သည်​ဟု ပြော​ဆို​သော်၊-

ထို​ကြောင့်၊ နက်​ဖြန်​နေ့၌ စစ်​သူ​ကြီး​သည် ပေါ​လု​ကို ကိုယ်​တော်​တို့​ထံ​သို့ ပို့​ဆောင်​စေ​ခြင်း​ငှာ၊ သူ့​ကို​သာ၍ စေ့​စေ့​စစ်​ကြော​မည် အ​ဟန်​ပြု၍၊ လွှတ်​အ​ရာ​ရှိ​များ​နှင့်​အ​တူ ကိုယ်​တော်​တို့​သည် စစ်​သူ​ကြီး​ကို လျှောက်​ကြ​ပါ​လော့။ ပေါ​လု​သည် ကိုယ်​တော်​တို့​ထံ​သို့ မ​ရောက်​မီ​အ​ကြား​တွင် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​သတ်​ခြင်း​ငှာ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​ကြ၏။

လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။-

ယု​ဒ​လူ​တို့​သည် အ​ဘယ်​အ​ပြစ်​ကြောင့် သူ​နှင့် အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​လို​သော​ကြောင့်၊ သူ့​ကို​ယူ၍ လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-

ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-

ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။-

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ