Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 22:3

Judson Bible

ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။

ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-

သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။-

လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-

ဗာ​န​ဗ​သည်​လည်း ရှော​လု​ကို ရှာ​လျက် တာ​ရှု​မြို့​သို့​သွား၏။ တွေ့​လျှင်​အ​န္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့၏။-

သူ​တို့​လက်​ဖြင့် ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ တ​မန်​တော်၊ သင်း​အုပ်၊ ညီ​အစ်​ကို​များ​တို့​သည်၊ အ​န္တိ​အုတ်​မြို့​မှ​စ၍ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ ပြည်​တို့၌​ရှိ​နေ၍ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော ညီ​အစ်​ကို​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။-

အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။-

ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​နေ​သော​မြို့​ကား၊ သာ​မ​ည မြို့​မ​ဟုတ်။ ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပြော​ရ​သော အ​ခွင့်​ကို​ပေး​ပါ။ အ​ကျွန်ုပ်​ပန်​ကြား​ပါ​သည်​ဟု ဆို၏။-

မြို့​ဝန်​မင်း​သည် စာ​ကို​ဖတ်​ပြီး​မှ၊ အ​ဘယ်​မြို့​နှင့် ဆိုင်​သ​နည်း​ဟု မေး၍၊ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​သည်​ကို ကြား​သိ​လျှင်၊-

ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-

အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။-

နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-

ထို​အ​ခါ လူ​အ​ပေါင်း​တို့ ရို​သေ​သော​သူ၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော နိဿ​ရည်း​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် လွှတ်​တော်​ပေါ်၌​ထ၍၊ တ​မန်​တော်​တို့​ကို ပြင်​သို့​ခ​ဏ​ထွက်​စေ​ပြီး​လျှင်၊-

ထို​အ​ခါ လိ​ဗေ​ရ​တိန် အ​ပေါင်း​အ​သင်း​ဝင်​သော သူ​မှ​စ၍၊ ကု​ရေ​နေ​ပြည်​သား၊ အာ​လေ​ဇ​န္ဒြိ​ပြည်​သား၊ ကိ​လိ​ကိ​ပြည်​သား၊ အာ​ရှိ​ပြည်​သား အ​ချို့​တို့​သည် ထ၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ခြင်း​ကို ပြု​စဉ်​တွင်၊-

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊-

သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။-

ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို ပယ်​တော်​မူ​ပြီ​လော​ဟု မေး​သော်၊ ပယ်​တော်​မ​မူ​ဟု ဆို​ရ၏။ ငါ​ပင် ဣ​သ​ရေ​လ​လူ​ဖြစ်၏။ အာ​ဗြ​ဟံ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။-

သူ​တို့​သည် ဟေ​ဗြဲ​လူ​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် ဣ​သ​ရေ​လ​လူ ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။-

ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။-

ထို​နောက်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​သို့ ငါ​သွား၍၊-

အ​ကယ်​စင်​စစ် ထို​လူ​မျိုး​ကို ချစ်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​ပါး​တွင်​ရှိ​ကြ၏။ သူ​တို့​သည် ခြေ​တော်​ရင်း၌​ပျပ်​ဝပ်၍ စ​ကား​တော်​တို့​ကို နား​ခံ​ကြ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ