တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။-
ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။-
သားရေကြိုးနှင့် ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု အနား၌ရပ်နေသော တပ်မှူးအားဆို၏။-
စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင်၊ မှန်ပါသည်ဟု ပေါလုပြောဆို၏။-
ထိုအခါ စစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ချင်းသွား၍၊ သူသည်ရောမလူ ဖြစ်သည်ကိုလည်းကောင်း၊ ရောမလူကို ချည်နှောင်မိသည်ကိုလည်းကောင်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။
ယုဒလူတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နုတ်ပါသည်။-