ပေါလုကို အဘယ်ကြောင့် ထိုသို့အော်ဟစ်ကြသည်ကို စစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့သွင်းစေ။ ရိုက်၍ စစ်ကြောစေဟု စီရင်လေ၏။-
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊-
ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။-
လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။-
ပေါလုသည် ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးက သင်သည် ဟေလသစကားကို ပြောတတ်သလော။-
အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
ယုဒလူတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နုတ်ပါသည်။-
ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှာ အလိုရှိကြ၏။-
မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှာ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။-