Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 22:16

Judson Bible

ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။

ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။

ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။-

ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။-

ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။

ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-

အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။

ခ​ရစ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-

ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။-

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ