Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:8

Judson Bible

နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။-

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။

ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။-

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။-

ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။-

ငါ​တို့​သည် ပေါ​လု​အ​ရင် သင်္ဘော​သို့​သွား၍၊ အဿု​မြို့၌ သူ့​ကို​ခံ​ယူ​မည်​အ​ကြံ​နှင့် ထို​မြို့​သို့ လွှင့်​ကြ၏။ ပေါ​လု​သည်​ထို​မြို့​သို့ ကုန်း​ကြောင်း​သွား​မည်​အ​ကြံ​ရှိ၍ ထို​သို့​စီ​ရင်​လေ၏။-

အ​ဇု​မ​ပွဲ​နေ့​ရက်​လွန်​ပြီး​မှ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့​မှ သင်္ဘော​နှင့်​လွှင့်၍ ငါး​ရက်​အ​တွင်း​တွင် သူ​တို့​ရှိ​ရာ တ​ရော​မြို့​သို့​ရောက်၍ ခု​နစ်​ရက် နေ​ကြ၏။

ကဲ​သ​ရိ​မြို့​သား​တ​ပည့်​တော်​အ​ချို့​တို့​သည် ငါ​တို့​နှင့်​အ​တူ​လိုက်​ကြ၍၊ ငါ​တို့​ကို​ဧည့်​ခံ​မည့်​သူ မ​နာ​သုန် အ​မည်​ရှိ​သော ကု​ပ​ရု​ကျွန်း​သား အ​သက်​ကြီး​သော တ​ပည့်​တော်​ဆီ​သို့ ပို့​ဆောင်​ကြ၏။

တပ်​မှူး​နှစ်​ယောက်​တို့​ကို​ခေါ်၍၊ ယ​နေ့​ည သုံး​ချက်​တီး​အ​ချိန်၌ ကဲ​သ​ရိ​မြို့​သို့​သွား​စေ​ခြင်း​ငှာ စစ်​သူ​ရဲ​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ကျိပ်၊ လှံ​ကိုင်​သူ​ရဲ​နှစ်​ရာ​တို့​ကို ပြင်​ဆင်​ကြ။-

ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။-

သုံး​လ​လွန်​လျှင်၊ နတ်​သား​အ​မြွှာ​တို့၏ ရုပ်​တု​ပါ​သော ထို​ကျွန်း၌ ဆောင်း​ကာ​လ​ပတ်​လုံး​နေ​ခဲ့​ဖူး​သော အာ​လေ​ဇ​န္ဒြိ​သင်္ဘော​ကို ငါ​တို့​သည် စီး​ပြန်၍၊-

ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။

ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊-

ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-

သင်​မူ​ကား၊ အ​ရာ​ရာ၌ သ​မ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့။ သာ​သ​နာ​ပြု​ဆ​ရာ ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​လော့။ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား၍ ပြု​ရ​သော​ဝတ်​များ​ကို အ​ကုန်​အ​စင်​ပြု​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ