Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:34

Judson Bible

လူ​အ​စု​အ​ဝေး​ထဲ၌ အ​သီး​သီး​အ​ခြား​ခြား​ဟစ်​ကြော်၍ အ​သံ​များ​သော​ကြောင့်၊ စစ်​သူ​ကြီး​သည် အ​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့်၊ ပေါ​လု​ကို​ရဲ​တိုက်​ထဲ​သို့ ဆောင်​သွား​စေ​ခြင်း​ငှာ စီ​ရင်​ပြန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။

ပေါ​လု​သည် ရဲ​တိုက်​ထဲ​သို့​ဝင်​လု​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် စ​ကား​ပြော​ရ​ပါ​မည်​လော​ဟု စစ်​သူ​ကြီး​အား​မေး​လျှင် စစ်​သူ​ကြီး​က သင်​သည် ဟေ​လ​သ​စ​ကား​ကို ပြော​တတ်​သ​လော။-

ပေါ​လု​ကို အ​ဘယ်​ကြောင့် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် သိ​လို၍၊ ပေါ​လု​ကို ရဲ​တိုက်​ထဲ​သို့​သွင်း​စေ။ ရိုက်၍ စစ်​ကြော​စေ​ဟု စီ​ရင်​လေ၏။-

နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။

အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​များ​သော​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို ဆွဲ​ငင်၍ အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို စစ်​သူ​ကြီး စိုး​ရိမ်​သော​ကြောင့်၊ စစ်​သူ​ရဲ​များ၊ ဆင်း​ကြ၊ ပေါ​လု​ကို အ​ရာ​ရှိ​မင်း​တို့​အ​ထဲ​မှ အ​နိုင်​အ​ထက်​ယူ၍ ရဲ​တိုက်​ထဲ​သို့ ပို့​ဆောင်​ကြ​ဟု အ​မိန့်​ရှိ၏။

ထို​သို့​လမ်း​နား၌ ချောင်း၍​နေ​ကြ​သည်​အ​မှု​ကို ပေါ​လု၏ တူ​သည်​ကြား​လျှင်၊ ရဲ​တိုက်​ထဲ​သို့​ဝင်၍ ပေါ​လု​အား ကြား​ပြော​လေ၏။-

နက်​ဖြန်​နေ့၌ မြင်း​စီး​သူ​ရဲ​တို့​ကို ပေါ​လု​နှင့်​တ​ကွ သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်၍ မိ​မိ​တို့​သည် ရဲ​တိုက်​သို့ ပြန်​ကြ၏။-

သူ၏​အ​ကြောင်း​ကို ရေး​ထား၍၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပေး​လိုက်​စ​ရာ​ဖို့၊ သေ​ချာ​သော​အ​ကြောင်း တစ်​စုံ​တစ်​ခု​မျှ ကျွန်ုပ်၌​မ​ရှိ။ ထို​ကြောင့် သင်​တို့​သည် သူ့​ကို စစ်​ကြော​ပြီး​မှ၊ ကျွန်ုပ်​ရေး၍​ပေး​လိုက်​စ​ရာ အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့၌​လည်း​ကောင်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်​ရှေ့၌​လည်း​ကောင်း၊ သူ့​ကို​ကျွန်ုပ်​ထုတ်၍​ပြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ