ထိုခုနစ်ရက်စေ့လုသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးဆော်၍၊ ဣသရေလလူတို့၊ ကူမကြပါ။-
အာဟပ်နှင့်တူသောသူ တစ်ယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ ကိုယ်ကိုရောင်းသောသူဖြစ်၏။
လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။
ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊
သူ့အနားမှာ တစ်စုံတစ်ယောက်သောသူသည် ချက်ချင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။
ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။-
ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။-
ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။-
မယုံကြည်သော ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။-
မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တစ်ဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊-
ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊-
ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူတို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော်ကြ၏။-
အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊-
ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။-
အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တစ်ဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။-
ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိပြည်ကလာသော ယုဒလူ အချို့တို့သည် တွေ့ကြပါ၏။-
ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဖမ်းဆီး၍ ကွပ်မျက်ခြင်းငှာ အားထုတ်ကြပါ၏။-
တမန်တော်တို့ကို ဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။-
တမန်တော်တို့ကိုဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။-
လူများကိုလည်းကောင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုလည်းကောင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။-
ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊-
အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။-
တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှာ ငါတို့သည် ဟောပြောကြသည်ကို သူတို့သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။