Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:19

Judson Bible

ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-

ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။-

ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။-

ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။-

သင်​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ခံ​ကြ​နှင့်​ဟု ငါ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်​တို့​ကို နှိုး​ဆော်​သွေး​ဆောင်​ကြ၏။-

ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ