Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 21:11

Judson Bible

ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​သွား၍ ခါး​စည်း​သော​လျှော်​တေ​အ​ဝတ်​နှင့် ခြေ​နင်း​ကို​ချွတ်​လော့​ဟု၊ အာ​မုတ်​သား​ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည်​ပြု၍ အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​လျက်​နေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အိုး​ထိန်း​သ​မား​ထံ​သို့ သွား၍ ရေ​ဘူး​ကို​ယူ​ပြီး​လျှင်၊ အ​သက်​ကြီး​သော​လူ၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ် အ​ချို့​တို့​နှင့်​တ​ကွ၊

ငါ​သည် ပ​ရော​ဖက်​တို့၌ ဗျာ​ဒိတ်​ပေး​ပြီ။ များ​စွာ​သော ရူ​ပါ​ရုံ​တို့​ကို ပြ​ပြီ။ ပ​ရော​ဖက်​များ​အား​ဖြင့် ပုံ​ပ​မာ​တို့​ကို ထား​ပြီ။

ထို​သို့ မိန့်​မြွက်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့​ကြွ၍၊ ထို​အ​ရပ်၌​ရှိ​သော ဥ​ယျာဉ်​သို့​ဝင်​တော်​မူ၏။-

ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊-

သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။-

ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။-

တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။-

သား​ရေ​ကြိုး​နှင့် ဆွဲ​တင်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော​သူ​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ သင်​တို့​သည် ရိုက်​ရ​သ​လော​ဟု အ​နား၌​ရပ်​နေ​သော တပ်​မှူး​အား​ဆို၏။-

နှစ်​နှစ်​စေ့​သော​အ​ခါ ပေါ​ကိ​ဖေ​တ္တု​သည် ဖေ​လဇ်​မင်း၏​အ​ရာ​ကို ရ​သ​ဖြင့်၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​လူ​တို့​အား ကျေး​ဇူး​ပြု​လို​သော​စိတ်​နှင့် ပေါ​လု​ကို အ​ကျဉ်း​ထား​ရစ်​စေ၏။

ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။-

သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။-

ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-

ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊-

ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊-

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။-

ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-

ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။-

ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-

ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။-

ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-

ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ