Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 20:7

Judson Bible

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ မုန့်​ကို​ဖဲ့​ခြင်း​ငှာ စည်း​ဝေး​ကြ​သော​အ​ခါ၊ ပေါ​လု​သည် နက်​ဖြန်​နေ့၌ ထွက်​သွား​မည်​ဖြစ်၍၊ သန်း​ခေါင်​တိုင်​အောင် ဟော​ပြော​လျက် နေ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။

မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို နေ့​လေး​စု​တစ်​စု ဖတ်​ကြ၏။ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို နေ့​လေး​စု​တစ်​စု​ကို ကိုး​ကွယ်​ကြ၏။

ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။-

ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-

ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။

ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

မုန့်​ကို​ဖဲ့၍​စား​ကြ​သည်​နှင့် မိုး​လင်း​သည်​တိုင်​အောင် ကြာ​မြင့်​စွာ စ​ကား​ပြော​ပြီး​မှ ထွက်​သွား၏။-

ထို​ကြောင့် စောင့်​ရှောက်၍​နေ​ကြ​လော့။ ငါ​သည်​သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ်​လူ​အ​ပေါင်း​တို့​ကို မျက်​ရည်​နှင့်​တ​ကွ ဆုံး​မ၍ နေ​ကြောင်း​ကို အောက်​မေ့​ကြ​လော့။

ဤ​သူ​တို့​သည် ငါ​တို့​အ​ရင်​သွား၍ တ​ရော​မြို့၌ ငံ့​လင့်​လျက် နေ​ကြ၏။-

ဥ​တု​ခု​အ​မည်​ရှိ​သော လု​လင်​တစ်​ယောက်​သည် ပြတင်း​ပေါက် နား​မှာ​ထိုင်၍ အိပ်​ပျော်​ကျူး​လွန်​လျက် နေ၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ ဟော​ပြော​သည်​တွင်၊ ထို​သူ​သည် အိပ်​ပျော်​လျက် အိမ်​သုံး​ဆင့်​အ​ထက်​မှ အောက်​သို့​လျော့​ကျ၍ သေ​သည်​ကို သူ​တို့​သည် ချီ​ကြွ​ကြ၏။-

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

ငါ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​ဖ​လား​မူ​ကား၊ ခ​ရစ်​တော်၏​အ​သွေး​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခ​ရစ်​တော်၏ ကိုယ်​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။-

သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

ငါ​ရောက်​လာ​သော​အ​ခါ လှူ​ဒါန်း၍ စု​ထား​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ အ​သီး​အ​သီး ကောင်း​စား​သည်​အ​တိုင်း၊ မိ​မိ​တို့​ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍ စု​ထား​ကြ​လော့။-

နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ