Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 20:36

Judson Bible

ပေါ​လု​ဆို​ပြီး​လျှင်၊ ဒူး​ထောက်၍ ထို​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဆု​တောင်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​သုံး​တောင်​ရှိ​သော ပ​လ္လင်​ကို​လုပ်၍၊ တံ​တိုင်း​အ​လယ်၌​ထား​နှင့်​သော ထို​ပ​လ္လင်​ပေါ်​သို့​တက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​လယ်​မှာ ဒူး​ထောက်၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊-

ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-

ခု​နစ်​ရက်​စေ့​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် သား​မ​ယား​နှင့်​တ​ကွ မြို့​ပြင်​သို့ ငါ​တို့​ကို ပို့​လိုက်​ကြ၍ ငါ​တို့​သည်​ထွက်​သွား​ပြီး​လျှင်၊ ပင်​လယ်​ကမ်း​ပေါ်၌ ဒူး​ထောက်​လျက် ဆု​တောင်း​ကြ၏။-

ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။

ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-

အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။-

အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ