Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:9

Judson Bible

ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှုရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။

ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊

ထို​ကျွန်​သည်​လည်း၊ မိ​မိ​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို စီ​ရင်​သော​သူ​ဖြစ်၍၊ သ​ခင်၏​ကု​လား​အုတ်​စု​ထဲ​က၊ ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ၍​ထ​သွား​သ​ဖြင့်၊ မေ​သော​ပေါ​တာ​မိ​တိုင်း၊ နာ​ခေါ်​မြို့​သို့ ရောက်​လေ၏။

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

ဟာ​နုန်​မင်း​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည် ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ရှု​ရိ​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့၌ မြင်း​ရ​ထား​တို့​ကို ငှား​ခြင်း​ငှာ ငွေ​အ​ခွက်​တစ်​သောင်း​ကို ထုတ်၍၊

မေ​ဒိ​ပြည်၊ အာ​ခ​မေ​သ​မြို့၊ နန်း​တော်၌ စာ​လိပ်​ကို​တွေ့၍၊ စာ​လိပ်၌​ပါ​သော စ​ကား​ဟူ​မူ​ကား၊

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။

ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊

ချို​နှစ်​ချောင်း​နှင့် ပေါ်​လာ​သော​သိုး​သည် မေ​ဒိ​ရှင်​ဘု​ရင်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဖြစ်၏။

ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊-

ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊-

တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။

ထို​သို့​လူ​များ​တို့​သည် ငါ​တို့၏​အ​တတ်​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကြီး​မြတ်​သော နတ်​သ​မီး​အာ​တေ​မိ၏ ဗိ​မာန်​တော်​ကို ပ​မာ​ဏ​မ​ပြု​သ​ဖြင့်၊ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး​မှ​စ၍ လော​ကီ​နိုင်​ငံ​သား​တို့ ကိုး​ကွယ်​သော ဘုန်း​အ​သ​ရေ​တော်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​ပါ​သည်​ဟု ပြော​ဆို၏။-

ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။-

သို့​ဟုတ်​လျှင် ငါ​တို့​သည် အ​သီး​အ​သီး​မွေး​ဖွား​ရာ​ဌာ​န၏ ဘာ​သာ​စ​ကား​များ​ကို ကြား​ရ​သည်​ကား အ​ဘယ်​သို့​နည်း။-

ပေါ​လု​သည် ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မ​လွန်​မီ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​နိုင်​လျှင်​ရောက်​ခြင်း​ငှာ ကြိုး​စား​သည်​ဖြစ်၍ အာ​ရှိ​ပြည်၌ တာ​ရှည်​စွာ​မ​နေ​လို​သ​ဖြင့် ဧ​ဖက်​မြို့​မှာ မ​ဆိုက်​ဘဲ လွှင့်​သွား​မည်​ဟု စိတ်​ပြဋ္ဌာန်း​လျက်​ရှိ​နှင့်​သ​တည်း။

သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။-

ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။-

ဗိ​မာန်​တော်၌ လူ​အ​စု​အ​ဝေး​မ​ရှိ၊ ရုန်း​ရင်း​ခတ်​မျှ​မ​ပြု​ဘဲ၊ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်​ရှိ​သည်​ကို၊ အာ​ရှိ​ပြည်​က​လာ​သော ယု​ဒ​လူ အ​ချို့​တို့​သည် တွေ့​ကြ​ပါ၏။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

ထို​အ​ခါ လိ​ဗေ​ရ​တိန် အ​ပေါင်း​အ​သင်း​ဝင်​သော သူ​မှ​စ၍၊ ကု​ရေ​နေ​ပြည်​သား၊ အာ​လေ​ဇ​န္ဒြိ​ပြည်​သား၊ ကိ​လိ​ကိ​ပြည်​သား၊ အာ​ရှိ​ပြည်​သား အ​ချို့​တို့​သည် ထ၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ခြင်း​ကို ပြု​စဉ်​တွင်၊-

သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊-

သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။-

အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-

ညီ​အစ်​ကို​တို့၊ အာ​ရှိ​ပြည်၌​ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​တည်း​ဟူ​သော အ​သက်​မ​လွတ်​နိုင်​ဟု ထင်​ရ၍၊ မ​ခံ​နိုင်​အောင် အ​တိုင်း​ထက် အ​လွန်​လေး​သော ဆင်း​ရဲ​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​တို့ အ​လို​မ​ရှိ။-

အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။

အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။-

ယေ​ရှု​ခ​ရစ်၏​တ​မန်​တော် ငါ​ပေ​တ​ရု​သည်၊ နား​ထောင်​ခြင်း​ကျေး​ဇူး၊ ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​နှင့် ဖျန်း​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့​ရောက်၍၊ ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​နာ​ဂ​တံ​သ​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ ပု​န္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်၊ ဗိ​သု​နိ​ပြည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို ကြား​လိုက်​ပါ၏။ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​များ​ပြား​ပါ​စေ​သော။

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ