Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:5

Judson Bible

ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။

အ​ချိန်​တန်​မှ ဘာ​သာ​စ​ကား​ခြား​နား​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​စည်း​ဝေး​စေ​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ ငါ၏​ဘုန်း​ကို ဖူး​မြင်​ကြ​လိမ့်​မည်။

တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။

ကောင်း​ကင်​တစ်​ဖက်​မှ ပြက်​သော​လျှပ်​စစ်​သည် ကောင်း​ကင်​အ​နှံ့​အ​ပြား ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် မိ​မိ​နေ့​ရက်၌ ဖြစ်​တော်​မူ​လ​တ္တံ့။-

ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-

သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။-

ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-

ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-

ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။-

ထို​အ​ခါ ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​ဝတ်၌​မွေ့​လျော်​သော​သူ​ဖြစ်၍၊ ထို​မြို့​မှာ​နေ​သော​ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ အာ​န​နိ​သည်၊-

တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-

ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊-

မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ