Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:45

Judson Bible

မိ​မိ​တို့​ဥ​စ္စာ​ပ​စ္စည်း​များ​ကို ရောင်း​ပြီး​လျှင်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ခြင်း​ကို ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

တစ်​ဖန် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် စု​တေ​သော​အ​ခါ၊ အ​စဉ်​အ​မြဲ​တည်​သော ဗိ​မာန်၌ သင်​တို့​ကို လက်​ခံ​လ​တ္တံ့​သော အ​ဆွေ​ရှိ​စေ​ခြင်း​ငှာ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ဆောင်​ကြ​လော့။

ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။-

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊-

တ​မန်​တော်​တို့၏ ခြေ​ရင်း၌​ထား​ကြ​သ​ဖြင့်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ပေး​ကမ်း​ကြ၏။

သန့်​ရှင်း​သူ​တို့​ကို လုပ်​ကျွေး​ခြင်၏ အ​မှု​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ကြား​လိုက်​သော် အ​ကျိုး​မ​ရှိ။-

သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။-

အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ