Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:30

Judson Bible

ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​လည်း​ကောင်း၊ သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ​လ​တ္တံ့​သော ရှင်​ဘု​ရင်​ဒါ​ဝိဒ်၏ အ​မှု​ကို​လည်း​ကောင်း ဆောင်​ရွက်​ရ​ကြ​မည်။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

သို့​ဖြစ်​လျှင် ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။-

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏ ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဒါ​ဝိဒ်​ဆို​သ​တည်း။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။-

တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။-

ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။-

ရှေး​လွန်​လေ​ပြီး​သော​အ​ခါ ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား အ​ထပ်​ထပ်​အ​နည်း​နည်း ဗျာ​ဒိတ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ဤ​နောက်​ဆုံး​ကာ​လ​အ​ခါ မိ​မိ​သား​တော်​အား​ဖြင့် ငါ​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။-

ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-

တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။-

ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။-

ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊-

အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။

သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။-

ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ