ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။-
အကြောင်းမူကား၊ ဆင်းရဲသောသူ၏ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှာ၊ သူ၏လက်ယာဘက်မှာရပ်၍ နေတော်မူတတ်၏။
လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။
အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရားကိုကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။
ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။
အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော်မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။
သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။
အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။
ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီ ရှိကြ၏။-
သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။-
ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။-