Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:21

Judson Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား က​ရု​ဏာ​တော် ကြွယ်​ဝ​ပါ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။

သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။-

ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။

သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။-

သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ