Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:11

Judson Bible

က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ကုန်​သည်​များ၊ လှည်း​သ​မား​များ၊ အာ​ရပ်​မင်း​ကြီး​ရှိ​သ​မျှ၊ မြို့​ဝန်​များ​ဆက်​သော​ရွှေ ရှိ​သေး၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။

ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​လူ၊ ဂု​ရ​ဗာ​လ​မြို့​မှာ နေ​သော​အာ​ရပ်​လူ၊ မ​ဟု​နိမ်​လူ​တို့​တစ်​ဖက်၌ သူ့​ကို​မ​စ​တော်​မူ၏။

စစ်၍​မ​သိ​နိုင်​အောင် အ​လွန်​ကြီး​သော​အ​မှု၊ မ​ရေ​တွက်​နိုင်​အောင်​များ၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။

လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။

လူ​သား​တို့၌ ပြု​တော်​မူ​သော​က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။

လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။

အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အောက်​မေ့​ဖို့​ရာ စီ​ရင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ ပြု​တော်​မူ​ထ​သော၊

အံ့ဩ​ဖွယ်​သော အ​မှု​တော်​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် ကိုယ်​လက်​ကို အ​ပြစ်​ကင်း​ခြင်း​နှင့်​ဆေး၍၊ ယဇ်​ပ​လ္လင်​တော်​ကို ဝန်း​ရံ​လျက်​နေ​ပါ​သည်၊ ထာ​ဝ​ရ​ဘု​ရား။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ငယ်​သော​အ​ရွယ်​မှ​စ၍ သွန်​သင်​တော်​မူ​ပါ​ပြီ။ ယ​ခု​တိုင်​အောင် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အ​ကျွန်ုပ်​ပြ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​ကို အောက်​မေ့​ပါ​မည်။ ရှေး​ကာ​လ၌ ကိုယ်​တော်​ပြု​ဖူး​သော အံ့​ဩ​ဖွယ်​တို့​ကို အောက်​မေ့​ပါ​မည်။

သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​သည် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​တို့​သည် စည်း​ဝေး​လျက် သ​စ္စာ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​ပါ​စေ​သော။

ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။

အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။

ထို​မြို့၌ ကာ​လ​အ​စဉ်၊ လူ​မျိုး​အ​ဆက်​ဆက် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ထို​မြို့၌ အာ​ရပ်​လူ​သည် တဲ​ကို​မျှ​မ​ဆောက်​ရ။ သိုး​ထိန်း​တို့​သည် သိုး​ခြံ​ကို​မျှ မ​လုပ်​ရ​ကြ။

အာ​ရပ်​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ခ​ရီး​သွား​သော ဒေ​ဒန်​လူ​စု​တို့၊ သင်​တို့​သည် အာ​ရပ်​တော​မှာ ည​ကို လွန်​စေ​ရ​ကြ​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။

ထို​အ​မှု​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​ကြံ​ပေး​တော်​မူ​သော​အ​မှု​တည်း။ အ​ကြံ​ပေး​တော်​မူ​ခြင်း​သည် အံ့​ဩ​ဖွယ်​ဖြစ်၏။ ဉာဏ်​တော်​သည်​လည်း ထူး​ဆန်း​ပေ၏။

အာ​ရပ်​မင်း​အ​ပေါင်း၊ တော၌​နေ၍ အ​မျိုး​မ​စစ်​သော​လူ​များ​ကို အ​စိုး​ရ​သော​မင်း​အ​ပေါင်း၊

မြင့်​သော​အ​ရပ်​များ​ကို မျှော်​ကြည့်၍၊ လင်​မ​နေ​ဖူး​သော​အ​ရပ် တစ်​စုံ​တစ်​ခု​ကို​ရှာ​လော့။ အာ​ရပ်​လူ​သည် တော၌​စောင့်​သ​ကဲ့​သို့၊ သင်​သည် လမ်း​တို့၌​စောင့်​နေ၍၊ မ​တ​ရား​သော မေ​ထုန်​အား​ဖြင့်​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​အား​ဖြင့်​လည်း​ကောင်း ပြည်​ကို ညစ်​ညူး​စေ​ပြီ။

ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊-

ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေး​တော​သော​စိတ် ရှိ​သည်​နှင့်၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့​သော အ​မှု​အ​ရာ​ဖြစ်​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။-

ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။

တောင်​လေ​သည် ဖြည်း​ညင်း​စွာ​လာ​သော​အ​ခါ၊ ယ​ခု​မီ​နိုင်​သည်​ဟု စိတ်​ထင်​နှင့်​လွှင့်၍၊ က​ရေ​တေ​ကျွန်း​နား​သို့ လျှောက်​သွား​ကြ၏။-

နှေး​နှေး​သာ​သွား၍ နေ့​ရက်​ကာ​လ​ကြာ​သော​အ​ခါ၊ ပင်​ပန်း​စွာ ကြိုး​စား၍ က​နိဒ်​မြို့​နှင့်​တည့်​တည့်​ရောက်​ပြီး​မှ၊ လေ​မ​သင့်​သော​ကြောင့် က​ရေ​တေ​ကျွန်း အ​ရှေ့​ဘက်၊ သာ​လ​မုန်​အ​ငူ​နှင့်​တည့်​တည့်​သို့ ပင်​ပန်း​စွာ လျှောက်​သွား၍၊-

တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-

ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။-

အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။-

သူ​တို့​အ​ပါ​အ​ဝင်၊ အ​မျိုး​သား​ချင်း​ပ​ရော​ဖက် ဆ​ရာ​တစ်​ယောက်​က၊ က​ရက်​သား​မြဲ၊ မု​သား​စွဲ​လမ်း၊ သား​ရဲ​ကြမ်း​ကြုတ်၊ စား​ကြူး​တုတ်​တုတ်၊ လူ​ယုတ်​ပေ​ဟု စပ်​ဆို​သ​တည်း။-

ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။-

ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ