Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 19:33

Judson Bible

ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​သည် ဖြစ်၍၊ ဗိ​မာန်​တော်၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ပြီ​ဟု ရိပ်​မိ​ကြ၏။ ဇာ​ခ​ရိ​သည်​သူ​တို့​အား အ​ရိပ်​အ​မှတ်​ကို​သာ​ပေး၍ စ​ကား​အ​လျက် နေ၏။-

ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-

ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

သူ​သည် ယု​ဒ​လူ​ဖြစ်​သည်​ကို သိ​ကြ​လျှင်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု နှစ်​နာ​ရီ​ခန့်​မျှ​လောက် လူ​အ​ပေါင်း​တို့​သည် တစ်​သံ​တည်း​နှင့် ဟစ်​ကြ၏။

စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊

မြို့​ဝန်​မင်း​သည် အ​မှတ်​ပေး၍၊ ပေါ​လု​သည် လျှောက်​ရ​သော အ​ခွင့်​ကို​ရ​လျှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို တာ​ရှည်​စွာ​အုပ်​စိုး​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ၍၊ သာ​ယာ​သော​စိတ်​နှင့် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို လျှောက်​ဝံ့​ပါ၏။-

ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့် အာ​လေ​ဇ​န္ဒြု ပါ​သ​တည်း။ ထို​သူ​တို့​သည် ကဲ့​ရဲ့​သော​စ​ကား​ကို ကြဉ်​ရှောင်​ခြင်း​ငှာ သင်​ရ​မည်​အ​ကြောင်း၊ စာ​တန်၏​လက်​သို့ ငါ​အပ်​လိုက်​ခဲ့​ပြီ။

ပန်း​တဉ်း​သ​မား​အာ​လေ​ဇ​န္ဒြု​သည် ငါ၌ မ​ကောင်း​သော အ​မှု​အ​များ​ကို ပြု​လေ​ပြီ။ ထို​သူ​ကျင့်​သော အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သ​ခင်​ဘု​ရား ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ