Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 19:29

Judson Bible

တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ရှာ​လ​မိ​မြို့၌​ရှိ​နေ​စဉ်၊ ယု​ဒ​တ​ရား​ဇ​ရပ်​များ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။ ယော​ဟန်​သည်​လည်း ထို​သူ​တို့၏​လက်​ထောက် ဖြစ်​သ​တည်း။-

ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။

ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။-

မင်း​အ​ရာ​ရှိ​မှ​စ၍ စု​ဝေး​သော​သူ​တို့၏​စိတ်​ကို ထို​သို့​သော စ​ကား​အား​ဖြင့် နှောင့်​ယှက်​ကြ၏။-

ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊-

မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။

စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။

ဤ​လက်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​အ​ပေါင်း​အ​ဖော်​တို့​ကို​လည်း​ကောင်း၊ လုပ်​ကျွေး​ပြီ​ဟု သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။-

ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။

သင်​သည်​အ​ထက်​က​ပုန်​ကန်၍ ဓား​ပြ​လေး​ထောင်​တို့​ကို တော​သို့​ခေါ်​သွား​သော အဲ​ဂု​တ္တု​လူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု မေး၏။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

က​ရိ​ပ္ပု​နှင့် ဂါ​ယု​မှ​တစ်​ပါး၊ သင်​တို့​တွင် အ​ဘယ်​သူ​အား​မျှ ဗ​တ္တိ​ဇံ​ကို ငါ​မ​ပေး​သည်​ဖြစ်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ရှိ​ပါ၏။-

သတ်​ဖို့​ရာ​ထား​သော​သူ​ကဲ့​သို့ အ​ခြား​သော​သူ​များ​နောက်၌ တ​မန်​တော်​တည်း​ဟူ​သော ငါ​တို့​ကို ဘု​ရား​သ​ခင်​ထုတ်​ပြ​တော်​မူ​သည်​ဟု ငါ​ထင်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် လော​ကီ​သား​များ​နှင့် ကောင်း​ကင်​တ​မန်​များ​မျက်​မှောက်၌ ပွဲ​ဝင်​သော​သူ ဖြစ်​ကြ၏။-

ထို​ညီ​မူ​ကား၊ သ​ခင်​ဘု​ရား၏ ဂုဏ်​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​စေ​တ​နာ​စိတ်​ကို​လည်း​ကောင်း၊ ငါ​တို့​သည် ထင်​ရှား​စေ၍၊ အ​သင်း​တော်​များ၏ အ​လှူ​ကျေး​ဇူး​ကို ပြု​စု​သည်​အ​မှု​မှာ ငါ​တို့​နှင့်​အ​တူ သွား​စေ​ခြင်း​ငှာ၊ အ​သင်း​တော်​တို့​သည် ရွေး​ကောက်၍ ခန့်​ထား​သော​သူ ဖြစ်​သ​တည်း။-

ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။-

ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-

အ​သက်​ကြီး​သူ​သည် ချစ်​အပ်​သော​ဂါ​ယု​ကို ကြား​လိုက်​ပါ​၏။ ငါ​သည် သင်၌ မှန်​ကန်​သော​ချစ်​ခြင်း မေ​တ္တာ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ