Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 19:11

Judson Bible

ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-

ထို​ကြောင့် ကြာ​မြင့်​စွာ​နေ၍ သ​ခင်​ဘု​ရား၏ တ​ရား​တော်​ကို မ​ဆုတ်​မ​ဆိုင်း ဟော​ပြော​လေ၏။ သ​ခင်​ဘု​ရား​သည်​လည်း ကျေး​ဇူး​တ​ရား​တော်​ဘက်၌ သက်​သေ​ခံ​တော်​မူ​လျက်၊ တ​မန်​တော်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ၏။-

ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။

ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-

တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊-

ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။

ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​ကို သင်​တို့​အား ပေး၍၊ သင်​တို့၌ တန်​ခိုး​များ​ကို​ပြ​သော​သူ​သည် ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ပြ​သ​လော။ ယုံ​ကြည်​ခြင်း​တ​ရား​ကို နာ​ခြင်း​အား​ဖြင့် ပြ​သ​လော။-

ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ