တမန်တော်ဝတ္ထု 18:8Judson Bibleကရိပ္ပုအမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍၊ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊