Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 18:4

Judson Bible

ပေါ​လု​သည်​လည်း ဥ​ပုသ်​နေ့​မ​ပြတ် တ​ရား​ဇ​ရပ်၌ ဆွေး​နွေး​ဟော​ပြော၍၊ ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ယာ​ဖက်​ကို​ကျယ်​စေ​တော်​မူ​သ​ဖြင့်၊ ရှေ​မ၏​တဲ​တို့​တွင် နေ​ပါ​စေ။ ခါ​နာန်​မူ​ကား၊ သူ၏​ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို​လေ၏။

ဟေ​ဇ​ကိ​က၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​ဟု​ဆို​လျက်၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း​အား​ဖြင့် အ​သေ​ခံ​ရ​သည်​တိုင်​အောင်၊ ကိုယ်​ကို​စွန့်​ပစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ဖြား​ယောင်း​သည်​မ​ဟုတ်​လော။

အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-

ယု​ဒ​လူ​တို့​က၊ ငါ​တို့​ကို​မ​တွေ့​စေ​ခြင်း​ငှာ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​လိမ့်​မည်​နည်း။ ဟေ​လ​သ​လူ​တို့​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​နေ​သော သူ​တို့​ရှိ​ရာ​သို့​သွား၍ ဟေ​လ​သ​လူ​တို့​အား တ​ရား​ဟော​လိမ့်​မည်​လော။-

ပေ​ရ​ဂေ​မြို့​မှ​ထွက်​သွား​ပြန်၍ ပိ​သိ​ဒိ​ပြည်၊ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ထိုင်​ကြ၏။-

ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။-

လူ​တို့​သည် ဘု​ရား​ကို​မ​တ​ရား​သ​ဖြင့် ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ ဤ​သူ​သည် ဖြား​ယောင်း​တတ်​ပါ​သည် ဟု​ဆို​ကြ၏။-

ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။-

ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။-

ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။-

အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ သင်​သည် ဖြား​ယောင်း​သွေး​ဆောင်​သော​အား​ဖြင့်၊ ငါ​သည်​ခ​ရစ်​ယာန်​ဖြစ်​လု​ပြီ​ဟု ပေါ​လု​အား ပြော​ဆို​လျှင်၊-

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။-

သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ