Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 18:2

Judson Bible

ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​အ​ဝင်၊ အာ​ဂ​ဗု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်​ထ၍၊ မြေ​တစ်​ပြင်​လုံး၌ အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း​ဖြစ်​လ​တ္တံ့​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ၏။ ထို​ခေါင်း​ပါး​ခြင်း​သည် ကဲ​သာ​ဘု​ရင် က​လော​ဒိ​လက်​ထက်၌ ဖြစ်​သ​တည်း။-

ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-

ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။-

ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊-

ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။-

ထို​မြို့၌ ဣ​တ​လိ​ပြည်​သို့ ကူး​သော အာ​လေ​ဇ​န္ဒြိ သင်္ဘော​ကို တပ်​မှူး​သည်​တွေ့၍၊ ထို​သင်္ဘော​ထဲ​သို့ ငါ​တို့​ကို သွင်း​ထား​လေ၏။-

အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-

ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ၍ ဩ​နေ​သိ​ဖော်၏ အိမ်​သူ​အိမ်​သား​များ​ကို နှုတ်​ဆက်​လော့။-

သင်​တို့​ကို အုပ်​သော​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှုတ်​ဆက်​ကြ​လော့။ ဣ​တ​လိ​ပြည်​သူ​ပြည်​သား​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ယေ​ရှု​ခ​ရစ်၏​တ​မန်​တော် ငါ​ပေ​တ​ရု​သည်၊ နား​ထောင်​ခြင်း​ကျေး​ဇူး၊ ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​နှင့် ဖျန်း​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့​ရောက်၍၊ ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​နာ​ဂ​တံ​သ​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ ပု​န္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်၊ ဗိ​သု​နိ​ပြည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို ကြား​လိုက်​ပါ၏။ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​များ​ပြား​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ