Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 18:12

Judson Bible

အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-

ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား မိ​စ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို မြို့​ဝန်​မင်း​သေ​ရ​ဂိ​ပေါ​လု​ထံ၌ တွေ့​ကြ၏။ ထို​မြို့​ဝန်​သည် ပ​ညာ​သ​တိ​ရှိ​သ​ဖြင့်၊ ဗာ​န​ဗ​နှင့် ရှော​လု​တို့​ကို​ခေါ်​ပင့်၍ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ​လို​သော​စိတ်​ရှိ​သော်၊-

အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။-

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။-

မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။-

ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။-

ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-

ပေါ​လု​သည် ထို​မြို့​သူ​မြို့​သား​တို့​အား ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သွန်​သင်၍ တစ်​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး နေ​လေ၏။

ထို​သူ​သည် အ​ခါ​ယ​ပြည်​သို့​သွား​ခြင်း​ငှာ အ​လို​ရှိ​သည်​ဖြစ်၍၊ တ​ပည့်​တော်​ချင်း​တို့​သည် သူ့​ကို​လက်​ခံ​မည်​အ​ကြောင်း ညီ​အစ်​ကို​တို့​သည် မှာ​စာ​ကို​ပေး​လိုက်​ကြ၏။ သူ​သည်​ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို အ​လွန်​ထောက်​မ​လေ၏။-

ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊-

ပေါ​လု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏ တ​ရား​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​ရပ်​ပါ၏။ ထို​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​အပ်​ပါ၏။ ကိုယ်​တော်​သည် အ​မှန်​သိ​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​တို့​ကို အ​လျှင်း​မ​ပြစ်​မှား​ပါ။-

အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။-

သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ သ​တေ​ဖန်၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​တွင် အ​ဦး​သီး​သော အ​သီး​ဖြစ်၍၊ သန့်​ရှင်း​သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် အပ်​ကြောင်း​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊-

ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍၊ အ​ခါ​ယ​ပြည် အ​ရပ်​ရပ်​တို့၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

ခ​ရစ်​တော်၏​သ​စ္စာ​တ​ရား​သည် ငါ၌ ရှိ​သည်​ဖြစ်၍၊ အ​ခါ​ယ​ပြည်​များ​တို့၌ ဤ​သို့ ငါ​ဝါ​ကြွား​သည်​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​ရ။-

အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။-

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ စေ​တ​နာ​စိတ်​ကို ငါ​သိ၏။ သင်​တို့၌​ရှိ​သော ထို​စေ​တ​နာ​စိတ်​ကို ငါ​ဝါ​ကြွား၍ အ​ခါ​ယ​ပြည်​သူ​ပြည်​သား​တို့​သည် မ​နှစ်​က​ပင် အ​သင့်​ရှိ​ကြ​ပြီ​ဟု မာ​ကေ​ဒေါ​နိ​လူ​တို့​အား ငါ​ဆို​တတ်၏။ ထို​သို့ သင်​တို့ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​သည် အ​များ​သော​သူ​တို့​ကို နှိုး​ဆော် တိုက်​တွန်း​လေ​ပြီ။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယု​ဒ​ပြည်၌ ယေ​ရှု​ခ​ရစ်၏​ဘာ​သာ​ကို ခံ​ယူ​သော ဘု​ရား​သ​ခင်၏ သင်း​ဝင်​သူ​တို့​သည် ယု​ဒ​လူ​တို့​လက်​မှ ဆင်း​ရဲ​ခံ​ရ​သ​ကဲ့​သို့၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့ အ​မျိုး​သား​ချင်း​တို့ လက်​မှ ထို​နည်း​တူ​ခံ​ရ​သော​အား​ဖြင့်၊ ယု​ဒ​ပြည်၌​ရှိ​သော တ​ပည့်​တော်​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ ငါ​တို့​သည် ဟော​ပြော​ကြ​သည်​ကို သူ​တို့​သည် ဆီး​တား၍၊ မိ​မိ​တို့​အ​ပြစ်​ကို အ​စဉ်​ပြည့်​စုံ​စေ​ကြ၏။ သူ​တို့​အ​ပေါ်၌ အ​မျက်​တော်​သည် အ​ကုန်​အ​စင် ရောက်​ရ၏။

သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ