Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:3

Judson Bible

ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။-

ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။-

ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။-

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။

သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-

ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။-

ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။

ပ​ညာ​မဲ့​သော ဂ​လာ​တိ​လူ​တို့၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို သင်​တို့ မျက်​မှောက်၌ ထင်​ရှား​စွာ​ပြ​ပြီး​သည်​ဖြစ်၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ သင်​တို့​ကို အ​ဘယ်​သူ​ပြု​စား​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ