Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:1

Judson Bible

ထို​နောက်၊ အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို​လျှောက်​သွား၍ သက်​သာ​လော​နိတ်​မြို့​သို့ ရောက်​ကြ၏။ ထို​မြို့​မှာ​ယု​ဒ​တ​ရား​ဇ​ရပ်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​ကို တ​ရား​ဇ​ရပ်၌ ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​သ​ဖြင့်၊ မော​ရှေ၏​တ​ရား​ကို ရှေး​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​မြို့​တို့၌ ဟော​ပြော​လေ့​ရှိ​သည်​ဟု ယာ​ကုပ်​ပြော​ဆို၏။

ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။-

ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။-

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။-

ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။-

ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည် ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌ တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။

သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။-

ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌​တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ