Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:9

Judson Bible

ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ၌ နေ​သုံး​ချက်​တီး​အ​ချိန်​တွင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည်၊ ကော်​နေ​လိ​ဟု ခေါ်​လျက် ရောက်​လာ​သည်​ကို ထို​သူ​သည် ထင်​ရှား​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်​ရ၏။-

ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊-

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။

ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။

သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-

ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊-

မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။

တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-

ထို​ရုန်း​ရင်း​ခတ်​သော အ​မှု​ငြိမ်း​သော​အ​ခါ ပေါ​လု​သည်၊ တ​ပည့်​တော်​တို့​ကို​ခေါ်၍ နှုတ်​ဆက်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​လေ၏။-

သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။-

သင်​တို့​နှင့်​အ​တူ​ရှိ​နေ၍ တစ်​စုံ​တစ်​ခု​ကို​လို​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ ငါ​မ​နှောင့်​ယှက်။ အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​က​လာ​သော ညီ​အစ်​ကို​တို့​သည် ငါ​လို​သ​မျှ​ကို​ပေး​ကြ၏။ သင်​တို့​ကို အ​လျှင်း​မ​နှောင့်​ယှက်​ဘဲ သ​တိ​နှင့်​နေ​ခဲ့​ပြီ။ နောင်၌​လည်း သ​တိ​နှင့်​နေ​ဦး​မည်။-

ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-

ငါ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​ကာ​ယ​ငြိမ်​ဝပ်​ခြင်း အ​လျှင်း​မ​ရှိ၊ အ​ရာ​ရာ၌ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​၏။ ပြင်၌​ကား တိုက်​လှန်​ခြင်း ရှိ၏။ အ​တွင်း၌​ကား စိုး​ရိမ်​ခြင်း​ရှိ၏။

ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် မာ​ကေ​ဒေါ​နိ​ပြည်၌ ရှိ​သော အ​သင်း​တော်​များ​တို့​အား ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ စေ​တ​နာ​စိတ်​ကို ငါ​သိ၏။ သင်​တို့၌​ရှိ​သော ထို​စေ​တ​နာ​စိတ်​ကို ငါ​ဝါ​ကြွား၍ အ​ခါ​ယ​ပြည်​သူ​ပြည်​သား​တို့​သည် မ​နှစ်​က​ပင် အ​သင့်​ရှိ​ကြ​ပြီ​ဟု မာ​ကေ​ဒေါ​နိ​လူ​တို့​အား ငါ​ဆို​တတ်၏။ ထို​သို့ သင်​တို့ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​သည် အ​များ​သော​သူ​တို့​ကို နှိုး​ဆော် တိုက်​တွန်း​လေ​ပြီ။-

တ​ရား​တော်​ကို ငါ​တို့​သည် နား​ထောင်၍ စောင့်​ရှောက်​မည်​အ​ကြောင်း၊ ပင်​လယ်​ကို အ​ဘယ်​သူ​ကူး၍ ငါ​တို့​ထံ​သို့​ဆောင်​ခဲ့​လိမ့်​မည်​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သည်​မ​ဟုတ်။

ထို​မျှ​မ​က၊ မာ​ကေ​ဒေါ​နိ​ပြည်​တွင် အ​ရပ်​ရပ်၌​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို ထို​သို့​ပြု​ကြ၏။ သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ