Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:5

Judson Bible

ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​များ​ပြား​လေ၏။-

အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။

သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။-

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။

ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊-

ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-

ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊-

အ​ထူး​ထူး​အ​ပြား​ပြား​သော အ​ယူ​ဝါ​ဒ​သစ်​ကို​လိုက်၍ မ​ဖောက်​ပြန်​ကြ​နှင့်။ အ​စာ​များ​အား​ဖြင့် စိတ်​ခိုင်​ခံ့ မြဲ​မြံ​ခြင်း​မ​ရှိ​ဘဲ၊ ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​မြဲ​မြံ​လျှင် အ​ကျိုး​ရှိ၏။ အ​စာ​များ​ကို အ​မှု​ထား​သော သူ​တို့​သည် အ​ကျိုး​ကို​ရ​ကြ​ပြီ မ​ဟုတ်။-

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ