Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:36

Judson Bible

ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ဆို၏။ နေ​မန်​သည်​သွား၍ အ​ဝေး​သို့​မ​ရောက်​မီ၊

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

ထို​သူ​တို့​သည် အ​တန်​အ​ရာ​နေ​ပြီး​မှ၊ တ​မန်​တော်​တို့​ထံ​သို့ ငြိမ်​သက်​စွာ​ပြန်​စေ​ခြင်း​ငှာ ညီ​အစ်​ကို​တို့​သည် အ​ခွင့်​ပေး​ကြ၏။-

ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။-

ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။-

နံ​နက်​ရောက်​သော​အ​ခါ စစ်​ကဲ​တို့​သည် ရုံး​လု​လင်​တို့​ကို စေ​လွှတ်၍၊ ထို​လူ​တို့​ကို လွှတ်​စေ​ဟု မှာ​လိုက်​ကြ၏။-

ယဇ်​ပု​ရော​ဟိတ်​က ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ သင်​တို့​သွား​ရာ​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​တော်​မူ​သည်​ဟု ပြန်​ပြော၏။

ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။

သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။

သို့​ဖြစ်၍ ယ​ခု​ငြိမ်​ဝပ်​စွာ ပြန်​သွား​တော့။ ဖိ​လိ​တ္တိ​မင်း​တို့​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်​ဟု​ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ