တမန်တော်ဝတ္ထု 16:34Judson Bibleတစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့လည်းကောင်း၊ မင်္ဂလာဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။