ပေါလုသည် ထိုသူကိုခေါ်ခြင်းငှာ အလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။-
ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း ကြဉ်ရှောင်စေခြင်းငှာ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။-
ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။-
ညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင် ထွက်၍၊-
အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။-
ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင် မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှာ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။-
သို့သော်လည်း ငါနှင့်အတူပါသော ဟေလသအမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။-
ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။-
သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။-