Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:28

Judson Bible

ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို ငါ၏​မိတ်​ဆွေ၊ ငါ၏​ညီ​အစ်​ကို​ကဲ့​သို့ သ​ဘော​ထား၍ ငါ​ပြု၏။ ကိုယ်​အ​မိ​ကို​အောက်​မေ့၍၊ စိတ်​မ​သာ​ညည်း​တွား​သော​သူ​ကဲ့​သို့ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တ​မှိုင်​မှိုင်​နေ​လေ၏။

အ​ကျွန်ုပ်​နှင့် သင့်​တင့်​သော​သူ​ကို အ​ကျွန်ုပ်​ပြစ်​မှား၍၊ အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ရန်​ပြု​သော​သူ​ကို အ​ကျွန်ုပ် ညှဉ်း​ဆဲ​သော်​လည်း​ကောင်း၊ ထို​သို့​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊

လူ​အ​သက်​ကို မ​သတ်​နှင့်။

ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

လွန်​ကျူး​စွာ မ​ဆိုး​ညစ်​နှင့်။ မ​မိုက်​နှင့်။ အ​ချိန်​မ​ရောက်​မီ အ​ဘယ်​ကြောင့် သေ​ချင်​သ​နည်း။

သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။-

ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။-

သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ