Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:23

Judson Bible

ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊-

ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

မိုး​လင်း​သော​အ​ခါ စစ်​သူ​ရဲ​တို့​သည် ပေ​တ​ရု၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​ကြ၏။-

ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-

ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။-

ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-

တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ၌ လှောင်​ထား​ကြ၏။-

ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊-

သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။-

အ​ရိုက်​အ​ပုတ်​ခံ​ခြင်း၊ ထောင်​ထဲ၌​နေ​ခြင်း၊ သူ​တစ်​ပါး ရုန်း​ရင်း​ခတ်​ပြု​ခြင်း၊ အ​မှု​ကို​လုပ်​ဆောင်​ခြင်း၊ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း​ကို အ​လွန်​သည်း​ခံ​လျက်၊-

ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-

ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-

အ​သက်​ကြီး​သော ပေါ​လု​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ ဖြစ်​လျက်​ပင်၊ မေ​တ္တာ​အား​ဖြင့်​သာ သင့်​ကို တောင်း​ပန်​ပါ၏။-

ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ကြ​လော့​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား ယော​ရှု​သည် ဆင့်​ဆို​လေ၏။

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-

သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ