Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:16

Judson Bible

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။

ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊

တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။

ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ​ခြင်း​ငှာ၊ နတ်​ဝင်​သူ​ကို​မ​မှီ​ဝဲ​ရ။ စုန်း​လုပ်​သူ​ကို​လည်း မ​ရှာ​ဖွေ​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နတ်​ဝင်​သော​သူ၊ စုန်း​လုပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​သို့​သော​သူ​ကို ခဲ​နှင့်​ပစ်​ရ​ကြ​မည်။ သူ၌ သေ​ထိုက်​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

လမ်း​လွဲ၍ နတ်​ဝင်​သူ၊ စုန်း​လုပ်​သူ​နောက်​သို့​လိုက်​လျက်၊ မှား​ယွင်း​သော​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။-

ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-

သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။-

ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ပန်း​ထိမ်​သ​မား​တစ်​ယောက်​သည် အာ​တေ​မိ​နတ်​သ​မီး၏ ငွေ​ဗိ​မာန်​ငယ်​တို့​ကို လုပ်​သ​ဖြင့်၊ ပန်း​ထိမ်​သ​မား​တို့​အား စီး​ပွား​များ​ကို ပြု​တတ်၏။-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊-

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

ယ​န္နေ​နှင့်​ယံ​ဗြေ​သည် မော​ရှေ​ကို​ဆီး​တား​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သ​မ္မာ​တ​ရား​ကို​ဆီး​တား​ကြ၏။ စိတ်​နှ​လုံး​ယို​ယွင်း၍ ယုံ​ကြည်​ယောင်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။

ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။

ထို​အ​ခါ ရှော​လု​က၊ နတ်​ဝင်​မိန်း​မ​ကို ရှာ​ကြ​လော့။ ငါ​သွား၍​မေး​မြန်း​မည်​ဟု ကျွန်​တို့​အား ဆို​သည်​အ​တိုင်း၊ ကျွန်​တို့​က အင်္ဒေါ​ရ​မြို့​မှာ နတ်​ဝင်​မိန်း​မ​တစ်​ယောက်​ရှိ​ပါ၏​ဟု လျှောက်​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ