Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:5

Judson Bible

ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-

လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊-

ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။-

သို့​သော်​လည်း ဒိ​ဌိ​အ​ယူ​ဟူ၍ သူ​တို့​ခေါ်​တတ်​သော ဘာ​သာ​အ​တိုင်း အ​ကျွန်ုပ်​သည် မိ​စဉ်​ဘ​ဆက်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သည်​ဟု ရှေ့​တော်၌ အ​ကျွန်ုပ်​ဝန်​ခံ​ပါ၏။ ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​တို့၌ စီ​ရင်​ရေး​ထား​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ယုံ​ပါ၏။-

နာ​ဇ​ရက်​ဘာ​သာ​ဝင်​သူ​တို့​တွင် အ​ကြီး​လုပ်၍ အ​ရပ်​ရပ်​တို့၌ ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ထ​စေ​ခြင်း​ငှာ နှိုး​ဆော်​သော ဤ​လူ​ဆိုး​ကို အ​ကျွန်ုပ်​တို့​သည် တွေ့​ကြ​ပါ​ပြီ။-

သို့​သော်​လည်း ဤ​ဘာ​သာ​သည် အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​အ​ပြစ်​တင်​ခြင်း​ကို​ခံ​ရ​သော ဘာ​သာ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​သည်​ဖြစ်၍ သင်၏​အ​ယူ​ဝါ​ဒ​ကို သင်​သည် ကိုယ်​တိုင်​ဖော်​ပြ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​ထောင်​သင့်​သည်​ထင်​ပါ၏​ဟု ဆို​ကြ​လျှင်၊-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊-

အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​သည် ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​စွန့်​စေ​နှင့်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​နှင့်။-

ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။-

သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ