Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:36

Judson Bible

အင်​တန်​ကာ​လ​ကြာ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​တို့​သည် သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ဖူး​သော မြို့​များ​တို့၌ ရှိ​သော ညီ​အစ်​ကို​တို့​သည် အ​ဘယ်​သို့​ရှိ​နေ​သည်​ကို ကြည့်​ရှု၍ ပြန်​သွား​ကြ​ကုန်​အံ့​ဟု ဗာ​န​ဗ​အား​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဧ​သ​တာ​သည် အ​ဘယ်​သို့​ရှိ​သည်​ကို​လည်း​ကောင်း၊ သူ၌ အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​ကို​လည်း​ကောင်း၊ မော်​ဒ​ကဲ​သည် သိ​ခြင်း​ငှာ အ​ပျို​တော်​နန်း​ဝင်း​ရှေ့​မှာ နေ့​တိုင်း​သွား​လာ၏။

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊-

ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို​မ​ပြု။ ငါ​သည် အ​ဝတ်​အ​ချည်း​စည်း ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့်​မ​ဖုံး​မ​လွှမ်း။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ၌​လည်း​ကောင်း၊ ထောင်​ထဲ​မှာ​နေ​ရ​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​သည် မ​ကြည့်​ရှု​မ​ပြု​စု​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-

ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။-

တ​မန်​တော်​တို့​သည် မိ​မိ​တို့​ခြေ​ဖ​ဝါး၌​ကပ်​သော မြေ​မှုန့်​ကို ထို​သူ​တို့​အား ခါ​လိုက်​ပြီး​မှ၊ ဣ​ကော​နိ​မြို့​သို့ သွား​ကြ၏။-

ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-

ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။-

တ​မန်​တော်​တို့​သည်​သိ​လျှင်၊ လု​ကော​နိ​ပြည်၌ လု​တ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​မှ​စ၍ ကျေး​လက်​များ​သို့ ထွက်​ပြေး၍၊-

အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။-

သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။-

ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။-

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

ယ​ခု​မူ​ကား၊ တိ​မော​သေ​သည် သင်​တို့​ထံ​က ပြန်​လာ၍၊ သင်​တို့၏ ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း တည်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကို လွမ်း​သ​ကဲ့​သို့ သင်​တို့​သည် ငါ​တို့​ကို​လွမ်း၍၊ အ​စဉ်​မ​ပြတ် ကောင်း​မွန်​စွာ အောက်​မေ့​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သည်​ရှိ​သော်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ