Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:33

Judson Bible

ထို​သူ​တို့​သည် အ​တန်​အ​ရာ​နေ​ပြီး​မှ၊ တ​မန်​တော်​တို့​ထံ​သို့ ငြိမ်​သက်​စွာ​ပြန်​စေ​ခြင်း​ငှာ ညီ​အစ်​ကို​တို့​သည် အ​ခွင့်​ပေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည် သင့်​ကို​မ​ထိ​မ​ခိုက်၊ ကျေး​ဇူး​ကို​သာ​ပြု၍၊ ငြိမ်​ဝပ်​စွာ​လွှတ်​လိုက်​သည်​နည်း​တူ၊ သင်​သည်​ငါ​တို့​ကို​အ​ပြစ်​မ​ပြု​ရ​ဟု၊ ငါ​တို့​တစ်​ဖက်၊ သင့်​တစ်​ဖက်၊ နှစ်​ဖက်​သား​တို့​သည်၊ သ​စ္စာ​က​တိ​ထား၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စို့။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ၏​ဟု ဆို​ကြ​လေ​သော်၊

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။-

သို့​သော်​လည်း၊ သိ​လ​သည် အ​လို​အ​လျောက် နေ​ရစ်၏။-

ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-

ထို​ကြောင့် အ​ဘယ်​သူ​မျှ သူ့​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ သူ​သည် ငါ့​ထံ​သို့​ငြိမ်​ဝပ်​စွာ ပြန်​ရ​မည်​အ​ကြောင်း ပို့​ဆောင်​ခြင်း ကျေး​ဇူး​ကို ပြု​ကြ​လော့။ သူ​သည် အ​ခြား​သော ညီ​အစ်​ကို​တို့​နှင့်​အ​တူ လာ​လိမ့်​မည်​ဟု ငါ​မျှော်​လ​င့်​လျက်​နေ၏။-

ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။

ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ