Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:19

Judson Bible

ထို​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​သော သူ​တို့​ကို မ​နှောင့်​ယှက်​ဘဲ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။

သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။-

လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊-

ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊-

တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။-

ယုံ​ကြည်​ခြင်း​သို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား​တို့​မူ​ကား၊ ထို​သို့​သော​တ​ရား​ကို​မ​ကျင့်​မ​စောင့်​ဘဲ​လျက်၊ ရုပ်​တု​ရှေ့​မှာ​ပူ​ဇော်​သော ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ ရှောင်​စေ​ခြင်း​ငှာ​သာ ငါ​တို့​သည် စီ​ရင်၍ ကြား​လိုက်​ခဲ့​ပြီ​ဟု​ဆို​ကြ၏။

လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။-

ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ အ​ဘယ်​သို့ ဝင်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို သူ​တို့​သည် ကိုယ်​တိုင်​ကြား​ပြော​ကြ၏။ အ​သက်​နှင့် ပြည့်​စုံ​လျက် မှန်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သင်​တို့​သည် ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ