Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 15:12

Judson Bible

ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-

ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။-

အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။-

ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။

ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် စ​ကား​အား​ဖြင့်​လည်း​ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း၊ နား​ထောင်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​များ၌ ပါ​သော​တန်​ခိုး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏​တန်​ခိုး​ကို ပြ၍၊ ငါ့​အား​ဖြင့် ပြု​တော်​မူ​သ​မျှ​တို့​ကို​သာ ငါ​ပြော​ဝံ့၏။ ထို​ကျေး​ဇူး​တော်​ကို အ​မှီ​ပြု​လျက်၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ကုန်​အ​စင် ဟော​ပြော​ခဲ့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ