Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 14:7

Judson Bible

ထို​အ​ရပ်​တို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-

အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။-

ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။-

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။

ပေါ​လု​သည် မိ​မိ​ထုံး​စံ​ရှိ​သည်​အ​တိုင်း ထို​ဇ​ရပ်​သို့ ဝင်၍၊ ဥ​ပုသ်​နေ့​သုံး​ရက်​တွင် ကျမ်း​စာ​ကို​အ​မှီ​ပြု၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​သ​ဖြင့်၊-

ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။-

နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ