Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 14:4

Judson Bible

ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် ကွဲ​ပြား​ခြင်း​ရှိ၍၊ အ​ချို့​တို့​သည် ယု​ဒ​လူ​တို့​ဘက်၌​လည်း​ကောင်း၊ အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်၌​လည်း​ကောင်း နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။

ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။-

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊-

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။-

မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။-

မင်း​အ​ရာ​ရှိ​တို့​နှင့် ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် တ​မန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ကျောက်​ခဲ​နှင့်​ပစ်​မည်​ဟု တစ်​ဟုန်​တည်း ပြေး​လာ​ကြ​သည်​အ​ကြောင်း​ကို၊-

အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊-

အ​ချို့​တို့​သည် ပေါ​လု၏​စ​ကား​ကို ယုံ​ကြ၏။ အ​ချို့​တို့​သည် မ​ယုံ​ဘဲ​နေ​ကြ၏။-

ကေ​ဖ​နှင့် သ​ခင်​ဘု​ရား၏​ညီ​များ​မှ​စ၍ ကြွင်း​သော တ​မန်​တော်​များ​ကဲ့​သို့၊ ငါ​တို့​သည် ဒေ​သ​စာ​ရီ လှည့်​လည်​သည်​တွင် နှ​မ​ဖြစ်​သော​မ​ယား ပါ​စေ​ခြင်း​ငှာ အ​ခွင့်​မ​ရှိ​သ​လော။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယု​ဒ​ပြည်၌ ယေ​ရှု​ခ​ရစ်၏​ဘာ​သာ​ကို ခံ​ယူ​သော ဘု​ရား​သ​ခင်၏ သင်း​ဝင်​သူ​တို့​သည် ယု​ဒ​လူ​တို့​လက်​မှ ဆင်း​ရဲ​ခံ​ရ​သ​ကဲ့​သို့၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့ အ​မျိုး​သား​ချင်း​တို့ လက်​မှ ထို​နည်း​တူ​ခံ​ရ​သော​အား​ဖြင့်၊ ယု​ဒ​ပြည်၌​ရှိ​သော တ​ပည့်​တော်​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ