Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 14:2

Judson Bible

မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။

ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-

ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။-

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။-

ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် ကွဲ​ပြား​ခြင်း​ရှိ၍၊ အ​ချို့​တို့​သည် ယု​ဒ​လူ​တို့​ဘက်၌​လည်း​ကောင်း၊ အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်၌​လည်း​ကောင်း နေ​ကြ၏။-

မင်း​အ​ရာ​ရှိ​တို့​နှင့် ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် တ​မန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ကျောက်​ခဲ​နှင့်​ပစ်​မည်​ဟု တစ်​ဟုန်​တည်း ပြေး​လာ​ကြ​သည်​အ​ကြောင်း​ကို၊-

ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။-

ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-

အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယု​ဒ​ပြည်၌ ယေ​ရှု​ခ​ရစ်၏​ဘာ​သာ​ကို ခံ​ယူ​သော ဘု​ရား​သ​ခင်၏ သင်း​ဝင်​သူ​တို့​သည် ယု​ဒ​လူ​တို့​လက်​မှ ဆင်း​ရဲ​ခံ​ရ​သ​ကဲ့​သို့၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့ အ​မျိုး​သား​ချင်း​တို့ လက်​မှ ထို​နည်း​တူ​ခံ​ရ​သော​အား​ဖြင့်၊ ယု​ဒ​ပြည်၌​ရှိ​သော တ​ပည့်​တော်​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ