Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:52

Judson Bible

တ​ပည့်​တော်​များ​တို့​သည် ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။-

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

တ​မန်​တော်​တို့​သည်​လည်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် မိ​မိ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ လွှတ်​တော်​မှ​ထွက်​သွား​ကြ၏။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။-

ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-

သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။-

သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ