တမန်တော်ဝတ္ထု 13:46Judson Bibleထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။- အခန်းကိုကြည့်ပါ။ |
လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသော သူတို့အားလည်းကောင်း၊ တစ်ပါးအမျိုးသားတို့အားလည်းကောင်း၊ ဟောပြောပါ၏။-
ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူသောစိတ်ရှိစေခြင်းငှာ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း ငါပြုမည်။