Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:3

Judson Bible

အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။

အ​သက်​ကြီး​ရင့်၍ အ​နှစ်​ရှစ်​ဆယ်​လေး​နှစ်​ခန့်​မျှ တိုင်​တိုင် မု​ဆိုး​မ​ဖြစ်​လျက်၊ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​အား​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု၍ ဗိ​မာန်​တော်​နှင့် မ​ခွာ​ဘဲ​နေ၏။-

ဤ​သို့​ဆု​တောင်း​ကြ၏။-

ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။-

အ​သင်း​တော်​များ​တို့၌ သင်း​အုပ်​တို့​ကို ခန့်​ထား၍၊ အ​စာ​ရှောင်​လျက်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ပြီး​လျှင်၊ သင်း​ဝင်​သူ​တို့​ယုံ​ကြည်​သော သ​ခင်​ဘု​ရား၏​လက်​တော်​သို့ ထို​အ​သင်း​တော်​တို့​ကို အပ်​နှံ​ကြ၏။-

ထို​မြို့​မှ သင်္ဘော​စီး၍​လွှင့်​သ​ဖြင့်၊ မိ​မိ​တို့ ဆောင်​ရွက်​ခဲ့​ပြီး​သော အ​မှု​အ​လို​ငှာ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့​အပ်​နှံ၍ စေ​လွှတ်​သော အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​ကြ၏။-

ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့ အပ်​နှံ​ကြ​သ​ဖြင့်၊ သူ​သည်​သိ​လ​ကို ရွေး​ချယ်​ပြီး​လျှင် ထွက်၍၊-

တ​မန်​တော်​တို့​ရှေ့၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည်​လည်း ဆု​တောင်း​ပြီး​လျှင် ထို​သူ​တို့၏ ခေါင်း​ပေါ်၌ လက်​ကို​တင်​ကြ၏။

အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။-

လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-

ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။-

အ​ဘယ်​သူ၏​အ​ပေါ်၌ လက်​ကို အ​လျင်​တ​ဆော​မ​တင်​နှင့်။ သူ​တစ်​ပါး​အ​ပြစ်၌ မ​ဆက်​ဆံ​နှင့်။ ကိုယ်​ကို​ကိုယ် စင်​ကြယ်​စေ​လော့။-

ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။-

သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။-

ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။-

ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ