ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။-
ငါ၏လူ ဣသရေလအမျိုးတွင် တရားသူကြီးတို့ကို ခန့်ထားသောကာလ၌လည်းကောင်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တစ်ဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။
အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော တရားသူကြီးလက်ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး၊ ထိုသို့သောပသခါပွဲကို တစ်ခါမျှမဆောင်ကြ။
ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာအရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည် ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။
ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။-
သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကိုအုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရားအပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
တရားသူကြီးအုပ်စိုးသော ကာလ၊ တစ်ရံရောအခါ ဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တစ်ယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။
ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့လက်မှ ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
သူသည် ထာဝရဘုရား၏ ပရောဖက်စစ်ဖြစ်ကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။