ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။-
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။-
လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။-
ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊-
ထာဝရဘုရား၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။-
ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကိုခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊-
အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှာ တမန်တော်တို့ကို ဟန့်တားလေ၏။-
ပေါလုနှင့် ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ဟု ဗာနဗအားဆို၏။-
အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊-
တုရန္နုအမည်ရှိသောသူ၏ စာသင်ဇရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်း ဟောပြောသောအားဖြင့်၊ အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစ်စုံတစ်ယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။-
ထိုသူတို့သည် အရေအတွက်အားဖြင့် တစ်ကျိပ်နှစ်ယောက်မျှလောက် ရှိသတည်း။
ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။-
သူဟောပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ။-
တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။