Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:10

Judson Bible

လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​တို့၌ စိတ်​စွဲ​လမ်း၍၊ မြင့်​သော​အ​ရပ်​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟူ၍ နောက်​တစ်​ဖန် မ​ဆို​ရ။ လူ​တိုင်း မိ​မိ​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​ဗျာ​ဒိတ်​တော်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ ငါ​တို့၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ဖျက်​ကြ​ပြီ။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။-

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

သ​ခင်​ဘု​ရား​က​လည်း၊ ဖာ​ရိ​ရှဲ​ဖြစ်​သော သင်​တို့​သည် ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌​ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ ဆိုး​ညစ်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။-

ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။-

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။-

မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-

ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊-

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ